ပန်းတနော် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ(၆)ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းကို ယနေ့နံနက်ပိုင်း၌ ဆက်လက်လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဥ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချလျက်ရှိရာ သင်တန်းသားများအား ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ကြိုးချည်နည်းများ၊ အသက်ကယ်နည်းစနစ်များ၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ ကြိုးကူးနည်းများ၊ အသက်ရှုကိရိယာအသုံးပြုနည်းစနစ်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသုံးပြုနည်းများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)