လက်ပံတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Sep 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က(ကညင်ဆိပ်)နှင့် မူလွန်(ဘီးလင်းတန်း) ကျောင်းတို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။