အ-မ-ကရသေ့ကုန်းကျောင်း၌ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု ရသေ့ကုန်းကျေးရွာရှိ အ-မ-က ရသေ့ကုန်းကျောင်း၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြသခြင်းကို ယနေ့ နံနက်ပိုင်းက နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့်သုံးစွဲမှုလျော့ချရေးဆိုင်ရာနည်းလမ်းများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှးဆောင်ပြသထားသည့်  ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေး‌နံရံကပ်စာ‌စောင်များကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)