သတင်းများ

ခရမ်းမြို့နယ်တွင် ကျွဲ၊ နွား မွေးမြူထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်
Aug 11,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများပြန်လည်ဖော်ဆောင်နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်  ကံကောင်းကျေးရွာ  ဘုန်းတော်ကြီး ကျောင်းတွင်ယမန်‌နေ့ နံနက်ပိုင်းက ကျွဲနွားမွေးမြူ ထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးပေး
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက် အမှတ်(၁)အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ အသက်(၆)လမှ(၅)နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချ ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဖွေးဘီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ မြို့နယ်ပညာရေးရုံးမှ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ပညာရေးရုံးမှ ကြီးမှူး၍ မြို့နယ် ပညာရေး မိသားစုများမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပညာရေးရုံး၊ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ကော့ကရိတ်မြို့တွင် မိုးရာသီကာလဖြစ်ပေါ်တက်သော သဘာဝဘေးနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှိုးဆော်ကြေညာခြင်းဆောင်ရွက်
Aug 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနသည် မိုးရာသီကာလတွင်ဖြစ်ပေါ်တက်သော သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ
မိုင်းစံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံမှုအပေါ် ပိတ်ဆို့မှုများရှင်းလင်းဆောင်ရွက်
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ယမန်နေ့ ညနေ ၆ နာရီအချန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကာလိ- မိုင်းစံ-မိုင်းရှူးသွား ကားလမ်းမပေါ်ရှိ တံတား အမှတ်(၃၄)တွင် တောင်ကျချောင်းရေများနှင့်အတူ အမှိုက်သရိုက်များ၊ သစ်တုံးကြီးများ ​မျောပါလာမှုကြောင့် တံတားပိတ်ဆို့နိုင်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် ယခင်နှစ်ထက် လျော့နည်း
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်သည် ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ထက် လျော့နည်းမှုရှိကြောင်း သိရသည်။
ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၀)ဉီးထပ်မံဝင်ရောက်
Aug 11,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက် မှ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၇)ဉီး နှင့် ယနေ့ မွန်းလွဲ(၃) နာရီ အချိန်က (၃)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၀)ဉီး ထပ်မံ ဝင် ရောက်လာ ခဲ့ကြောင်း သိရသည်။