မိုင်းစံ သြဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ယမန်နေ့ ညနေ ၆ နာရီအချန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကာလိ- မိုင်းစံ-မိုင်းရှူးသွား ကားလမ်းမပေါ်ရှိ တံတား အမှတ်(၃၄)တွင် တောင်ကျချောင်းရေများနှင့်အတူ အမှိုက်သရိုက်များ၊ သစ်တုံးကြီးများ မျောပါလာမှုကြောင့် တံတားပိတ်ဆို့နိုင်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါတံတားသည် ကာလိ၊ မိုင်းစံ၊ မိုင်းရှူးသို့ ဆက်သွယ်သွားလာရာ လမ်းမကြီးဖြစ်သည့် အလျောက် အများပြည်သူအဓိက အသုံးပြုလျက်ရှိသော လမ်းမကြီးဖြစ်သဖြင့် တံတားပိတ်ဆို့မှု များ မဖြစ်ပေါ်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင် များသည် ဖြစ်ပေါ်သည့် အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်ချို( ပြန်/ ဆက်)