ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၀)ဉီးထပ်မံဝင်ရောက်

 

ချင်းရွှေဟော်  ဩဂုတ်  ၁၁

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက် မှ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့၊  ညနေ(၆)နာရီ အချိန်က(၇)ဉီး   နှင့် ယမန်နေ့ မွန်းလွဲ(၃) နာရီ အချိန်က (၃)ဉီး   စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၀)ဉီး  ထပ်မံ ဝင် ရောက်လာ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့်နေရပ်ပြန်ပြည်သူ(၁၀)ဉီးတို့မှာ အမျိုးသား(၇)ဉီး၊ အမျိုးသမီး(၃)ဉီးတို့ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ(၁)ဉီး၊ ကန်ကြီးဒေါင့်မြို့နယ်မှ(၂)ဉီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၂)ဉီး၊ ကွတ်ခိုင်မြို့နယ်မှ (၁)ဉီး၊ လောက်ကိုင်မြို့နယ်မှ(၁)ဉီး၊ ဟိုပန်မြို့နယ်မှ(၁)ဉီး နှင့် ပန်လုံမြို့နယ်မှ(၂)ဉီး တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် များသို့  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၉၇၅)ဉီး နှင့် အမျိုးသမီး(၆၃၇၉)ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄၃၅၄)ဉီးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)