ကော့ကရိတ် သြဂုတ် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနသည် မိုးရာသီကာလတွင်ဖြစ်ပေါ်တက်သော သဘာဝဘေးကြိုတင်ကာကွယ် ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှိုးဆော်ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့ရိတ်မြို့ ဒေါဖျာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒေါဖျား ကျေးရွာအုပ်စုအတွင်းရှိ ကော့ဖလွတ်ကျေးရွာ၊ ကော့ဘောကျေးရွာ၊ ကော့ခမိကျေးရွာ၊ ကော့ကမာကျေးရွာ၊ ကော့သံခါကျေးရွာရှိပြည်သူများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်းတိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ လေဘေးနှင့်ပတ်သက်သည့်ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန် အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပးစာစောင်များ ဖြန့်ဝေပေး ခြင်းနှင့် နှိုးဆော်ကြေညာခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)