ငပုတောမြို့နယ်၌ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ စားသုံးသူများအား သက်သာသော ဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ သက္ကာယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်း၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။