ဝမ်းတွင်း ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ်(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူငယ်များကျောင်းစာများအပြင် အခြားသောထွေထွေဗဟုသုတများ တိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် စသည့်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဦးသိန်းမြင့် (ရုပ်သံကျွမ်းကျင်-၃)က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာနှင့် ဗဟုသုတရဖွယ် မှတ်သားဖွယ်ရာများကို ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာမူလတန်းလွန်ကျောင်း(အမှတ်-၂)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ Grade-6-7 တို့မှ ကျောင်းသား/သူများက တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုရဖွယ် စာအုပ်စာပေများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ကိုရဲ(ပြန်/ဆက်)