သတင်းများ

ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Sep 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (ဘီဘီအမ်)၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ရန်ပုံငွေများကွင်းဆင်းထောက်ပံ့
Sep 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြမ္မာပြာသာ‌ကျေးရွာအုပ်စုတွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကြမှုကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ရန်ပုံငွေများကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းထောက်ပံ့ခဲ့သည်။
မအူပင်မြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Sep 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်း ကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် မအူပင်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ (၁) နာရီက လယ်ကိုင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုကြောင့် လူနှင့် တိရစ္ဆာန်များအား ယာယီပြောင်းရွှေ့ပေးလျက်ရှိ
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ရေများဝင်ရောက်နေသည့် ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့သွားရောက်၍ လူနှင့် တိရစ္ဆာန်များအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်များ၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်း၊ အေလာဂိုဏ်းထောက်ကျောင်း၊ အေလာသရက်တောကျောင်း၊ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၊ ပျံချီဘုန်းတော်ကြီးကျောင်း၊ အောင်းကုန်းဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေး၍ လိုအပ်သည်များ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။
ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Sep 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ယနေ့ညနေပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း (ဟောင်း) ပေါ်ရှိ အဆုံတံတားချဉ်းကပ်လမ်း ရေတိုက်စား
Sep 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းမှူကြောင့် နဝင်းချောင်းရေမြင့်တက်၍၊ ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွားတံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဥ်းကပ်လမ်းမြေသား) ၄ ပေခန့် ရေစီးတိုက်စားသွားသဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းလူ/ ယာဥ် သွားလာ၍ မရသည့်အတွက် တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှ ယာဉ်များ သွားလာလျက်ရှိကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး တပ်ကုန်းမြို့၌ ရေဘေးသင့်ပြည်သူများအား ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ တက်ရောက်
Sep 11,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို ယနေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။