ဖာပွန်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကမမောင်း ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖာပွန်မြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း Grade-9 ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် ဖာပွန်မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းလှိုင်က စုံညီပွဲတော်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ မြို့နယ်အဆင့်/ပြည်နယ်အဆင့်များတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်အဆင့် ဆိုကရေးတီးတွင် ဒုတိယဆုရခဲ့သော အုန်းတောအခြေခံပညာအလယ်တန်းကျောင်းမှ Grade-4 ကျောင်းသား စောသက်ကိုဝင်းက အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)-၁ ကျောင်းသား/ကျောင်းသူများက “လာခေါင်ခိုင်စူး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

မြို့နယ် (ပြန်/ဆက်)