ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းများနှင့် အမှိုက်များရှင်းလင်းခြင်း၊ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စွန့်ပစ်ပလတ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်းလုပ်ငန်းကို ယမန်နေ့က ဝန်ထမ်းများအဖွဲ့က စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် သန့်ရှင်းရေးဝန်ထမ်းများပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ မြို့ပြသန့်ရှင်းသာယာလှပရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ဖွားမှုများမဖြစ်ပေါ်စေရေးအတွက် အမှိုက်သိမ်းယာဉ်ဖြင့် ရေမြောင်းများအတွင်း ပိတ်ဆို့နေသောသဲနုန်းများနှင့် အမှိုက်သရိုက်များကို စနစ်တကျဆယ်ယူရှင်းလင်းခြင်း၊ မြို့တွင်းလမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ)တွင် ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာ လှပစေရန်အတွက် ရေမြောင်းများအတွင်း ပိတ်ဆို့နေသော သဲနုန်းများနှင့် အမှိုက်များဆယ်ယူရှင်းလင်းခြင်း၊ မြို့ပြစိမ်းလန်း စိုပြည်သာယာလှပစေရေး အရိပ်ရသစ်ပင်နှင့် အလှပန်းပင်များစိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် စည်းကမ်းမဲ့စွန့်ပစ်ပလတ်စတစ်ကြွပ်ကြွပ်အိတ် အမှိုက်များလိုက်လံကောက်ယူ ရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )