လပွတ္တာ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာရှိ ရက်(၉၀) စပါးမျိုးစိုက်ခင်းနှင့် Super Sun(41) နေကြာမျိုးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ယနေ့နံနက် (၉) နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၊ ကျောက်မော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာရှိ ကွင်းအမှတ်-၅၈၁(က)၊ ဦးပိုင်အမှတ်-၁၃/၁ တောင်သူ ဒေါ်ခင်ရီ၏ စိုက်ဧက(၂၀)တွင် ရက်(၉၀)စပါးမျိုး (၄၅)ရက်သားခန့်ရှိသော စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရာ လိုအပ်သည်များ လမ်းညွှန်မှာကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်ချောင်းကွင်းအမှတ်-၅၈၁၊ ဦးပိုင်အမှတ်-၇ရှိ တောင်သူ ဒေါ်ရင်ရွှေ၏ Super Sun(41) နေကြာမျိုးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုရာ ၎င်းနေကြာမှာ တစ်ပတ်တစ်ကြိမ်ရေဖျန်းခြင်း၊ ပေါင်းနှုတ်ခြင်း၊ အာဟာရကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနေကြာမှာ တစ်လခွဲခန့်သာရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)