ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၂) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ကျောင်းစာများအပြင် အခြားသော ထွေထွေဗဟုသုတများတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့်   ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဦးတင်လှိုင် (စာကြည့်တိုက်လက်ထောက်-၃) က လူငယ်ရေးရာများနှင့် ပတ်သက်၍ သိကောင်းစရာ၊ ဗဟုသုတရဖွယ် မှတ်သားဖွယ်ရာများကို ဟောပြောခဲ့သည်။  

အဆိုပါ  ဟောပြောပွဲသို့ အခြေခံပညာမူလတန်းလွန်ကျောင်း (အမှတ်-၂) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ Grade-6-7 တို့မှ ကျောင်းသား/ သူများက တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုရဖွယ် နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာပေ ပြပွဲများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)