စစ်ကိုင်း ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့တို့ပူးပေါင်း၍ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို ယနေ့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက အမျိုးသမီးငယ်များအား အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေး၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြစ်ပေါ်လာစေရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းကဲ့သို့သော လူမှုစီးပွားအထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြ ဒေါ်မေဇင်မိုးက သင်တန်းတွင် အခြေခံအဆင့် ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းများ သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းတွင် သင်တန်းနည်းပြ ဒေါ်မေဇင်မိုးက ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသူ(၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)