ဖြူးမြို့နယ် အိုဘိုကုန်း မူလွန်ကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြော

ဖြူး  ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ အိုးဘိုကုန်း ကျေးရွာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့၊ နံနက်ပိုင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး​ ဟောပြောရာတွင် ဖြူးမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ  သမိုင်းအကြောင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများကို ဟောပြောသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲ၊ အာဇာနည် (၉)ဦး၏ အတ္ထုပ္ပတ္တိ၊အာဇာနည် နေ့ဖြစ်ပေါ်လာပုံသမိုင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)