လက်ပံတန်းမြို့နယ်အတွင်းရှိ (RiceExport Zone) တွင်ပါဝင်သော တောင်သူများအား စိုက်ပျိုးစရိတ် သွင်းအားစုနှင့်ဓာတ်မြေဩဇာများ ပေးအပ်

လက်ပံတန်း ဇူလိုင် ၁၀

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အတွင်းရှိ  (Rice Export Zone) တွင်ပါဝင်သော တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဧရာကျော်ဆန်စက်ခန်းမ၌ ကျင်းပသည်။

ဦးစွာ လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပိုင်သက်ကျော်နှင့် ဧရာရိုးမကုမ္ပဏီတာဝန်ခံ ဦးစိုးကျော်နိုင် တို့က ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးမှုဇုန်ဖော်ဆောင်မှု၊ သွင်းအားစုများပေးအပ်ခြင်း နှင့်ပတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးမှုဇုန် (Rice Export Zone) စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် မိုးစပါး ၃၈၀၀ ဧကစိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ကျပ်လေးသိန်းခွဲနှုန်းနှင့် ညီမျှသည့် သွင်းအားစုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဧရာရိုးမကုမ္ပဏီတာဝန်ခံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။    

 

မျိုးမင်းထွန်း(ပြန်/ဆက်)