မချမ်းဘော ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က အားလပ်ချိန်တိုင်းစာဖတ်ကြစို့ ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာအမှတ် ၂ အခြေခံပညာမူလတန်းကျောင်း Grade-5 ကျောင်းသား၊ ကျောင်းသူ ၁၅ တို့က သုတပဒေသာ လူငယ်ရေးရာစာအုပ်ပါ လူငယ်ကဏ္ဍ ဆောင်းပါးမှတ်စုများကို ဖတ်ရှုဆွေးနွေးပြိုင်ပွဲဝင်ခဲ့ကြကာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ