သထုံမြို့နယ်၌ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းအောင်က ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး တောအုပ်ကြီး ဦးစောရန်နိုင်က မီးခိုး/မြူငွေ့လျှော့ချခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးဇင်ကိုလတ်က သစ်တောထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)