ပန်းတနော် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းစတင်၍ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထိုးနှံပေးလျက်ရှိသည်။
ပန်းတနော်မြို့နယ်အတွင်း ခွေးရူးရောဂါကင်းစင်ရေးအတွက် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသဲစုခိုင်နှင့် ဝန်ထမ်းများက ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သောကြောင့် မိမိမွေးမြူထားသော ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ခွေးရူးရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ပန်းတနော်မြို့နယ်အတွင်းရှိ မွေးမြူထားသော ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ၂၉.၁.၂၀၂၅ ရက်နေ့မှ ၃၀.၁.၂၀၂၅ ရက်နေ့အထိ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)