မူဆယ်မြို့၌ စာသင်ကျောင်းအခြေပြု ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံပြန်ဆောင်ရွက်ရေးအစီအစဉ်များ ပြုလုပ်ဆောင်ရွက်

မူဆယ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကျောင်းအခြေပြု ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံပြန်ဆောင်ရွက်ရေးအစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်သည်။

ရှေးဦစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးနေဝင်းတိုးက ကလေးသူငယ်များအား ပြုလုပ်ဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်လျော့ချစေရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီကြိုတင်သတင်းရရှိပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို သိရှိနားလည်စေရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကလေးသူငယ်များအနေဖြင့် မိမိကိုယ်တိုင်(သို့မဟုတ်) ပတ်ဝန်ကျင်အားကူညီပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ကလေးသူငယ်များအနေဖြင့် မည်ကဲ့သို့ပြုမူနေထိုင်သင့်သည်ကို သိရှိနားလည်စေရန်အကြောင်းအရာများ၊ (IZA! Kaeru Caravan)ဖြစ်ပေါ်လာမှုအစနှင့် ၎င်းဂိမ်းကစားနည်းများကို ကလေးသူငယ်များအား ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် ကျောင်းသူ/ကျောင်းသားများအား အဖွဲ့လိုက်စနစ်ဖြင့် ဂိတ်(၉)မျိုးကို အလှည်ကျစနစ်ဖြင့် ပါဝင်ကစားကြပြီး သိရှိနားလည်စေရန် မီးသတ်တပ်ဖွဲ့ဝင်များက သင်ကြားပြသပေးကြောင်း သိရှိပါသည်။

ချယ်ရီမြေ(မူဆယ်)