သတင်းများ

မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅)နှစ် အထိ ကလေးများအား သန်ချဆေးနှင့် မျက်စိအား တိုးဆေး(ဗီတာမင်-အေ)တိုက်ကျွေး
Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅) နှစ်အထိ ကလေးများအား ပုံမှန်တိုက်ကျွေးလျက်ရှိသော သန်ချဆေးနှင့် မျက်စိအားတိုးဆေး(ဗီတာမင်-အေ) ကို ယနေ့ နံနက်(၈)နာရီမှစ၍ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေး
Aug 05,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၂၉) ရပ်ကွက်၊ (၄၉) ရပ်ကွက် နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးရွာလူထုပူးပေါင်း၍ ကျေးရွာ မီးလင်းရေး ဖွင့်ပွဲကျင်းပ
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် မြို့ကြီးကျေးရွာအုပ်စု ထန်းတောဗောဓိကျေးရွာတွင် ယမန် နေ့ ညနေ ၆ နာရီက ကျေးရွာမီးလင်းရေးဖွင့်ပွဲ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ထွေး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးထွန်းမြင့်‌မော်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့တွင် သစ်ပင်ပြိုလဲခြင်းနှင့် နေအိမ်(၁)လုံးပြိုကျပျက်စီး
Aug 05,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ က မြို့နယ် အတွင်းရှိ သက္ကောကျေးရွာအုပ်စု ပလိုင်ဝမ်းကျေးရွာနှင့် ကမာကေးကျေးရွာတို့တွင် သစ်ပင်ပြိုလဲ ခြင်းနှင့် သစ်ပင်ပိ၍ နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲမဲဆန္ဒရှင် စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သာယာဝတီမြို့နယ် ဇီးပွဲကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 05,2020
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီကာလအတွင်း ဖြစ်ပေါ် ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တာချီလိတ်မြို့တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများအား အခြေခံ စားသောက် ကုန်များထောက်ပံ့
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ တာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်း ဟောင်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာ(၆) ရွာသို့ VRFP ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ( Village Revolving Fund Project - VRFP ) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ( ၆ ) ရွာသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။