သတင်းများ

မတူပီမြို့၌ Mobile Tablet ကို အသုံးပြု၍ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချ
Aug 05,2020
ချင်းပြည်နယ် မတူပီမြို့၌ Mobile Tablet ကိုအသုံးပြု၍ ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ နှာခေါင်း စည်း (Mask)များ လှူဒါန်း
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ
ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Aug 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အထက်တန်းအဆင့်ကျောင်းများ COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၁) နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်း၌ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး ၁၁ ရက်အတွင်း လာရောက်ကြည့်ရှုသူ ၁၅၆၂၆ ဦးရှိ
Aug 05,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာခြင်းကို ၁၁ ရက်အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည် မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကျင်းပ
Aug 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ကျေးရွာမတည်‌ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ကနီမြို့‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း စီးပွား‌ရေးကုစားမှူအစီအစဉ်ဖြင့် မိသားစုဝင်​​ငွေ​တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျေးရွာမ တည်ရန်ပုံ ငွေ စီမံကိန်းV​RFPရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။