သတင်းများ

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအထောက်အကူပြု (VRFP)ရန်ပုံငွေပေးအပ်
Aug 05,2020
နိုင်ငံတော်၏ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ကိုအထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူ များ စိုက်ပျိုးမွေးမြူရေး နှင့် အသေးစားစီးပွားရေးများအတွက် လိုအပ်သောအရင်းအနှီး များရရှိစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေး အရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်တုန်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ ဝန်တွင်း‌ကျေးရွာတွင် CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ဝန်တွင်း‌‌ကျေးရွာတွင် ‌ ယမန်နေ့ နေ့လယ် ၁ နာရီက ၂၀၂၀ မိုးရာသီ CERP Plan အရ အကျိုးဆောင်တောင်သူတောင်သူဦးသိန်း‌အောင်၏လယ်မြေ စံပြစိုက်ကွက်တွင် မှော်ဘီ(၂) စပါးမျိုးစေ့ထုတ် စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုး နည်းပညာများ ကူညီ‌ပေးခဲ့သည်။
နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်း
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၌ Grade-4(သင်ရိုးသစ်) နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်မည်
Aug 05,2020
သင်ကြားမှုအရည်အသွေး ပြည့်ဝသော ဆရာ/မများမှ အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ သူများ ပြုစုပျိုးထောင်နိုင်ရေးကို ရည်ရွယ်၍ Grade-4(သင်ရိုးသစ်) သင်တန်းအား မူလတန်း ကျောင်းအုပ်များနှင့် မူလတန်းပြ ဆရာ/မများကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇွန်လ(၁၅)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ဖြင့် ပညာရေးဌာနနည်းပြများမှ သင်တန်းပို့ချခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ဖြစ်ခဲ့သည့် ဆရာ/မများအား Grade-4(သင်ရိုးသစ်) နောက်ဆက်တွဲ သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် GRAGE- 4 (နောက်ဆက်တွဲ ) သင်တန်းပို့ချနေမှုအား ကြည့်ရှုစစ်ဆေး
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်တို့က ယနေ့နံနက် (၁၀) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Aug 05,2020
မြို့နယ်အတွင်းရှိ လမ်းများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်း ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်၊ ပဒုမ္မာလမ်းအား ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လမ်းချဲ့ခြင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်‌နေ့၊ နံနက်ပိုင်းအချိန်က တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။