သတင်းများ

ဟင်္သာတမြို့နယ် ယုန်သလင်းတိုက်နယ်၌ (ပထမ)အကြိမ်ကြေညာထားမူ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ ကွင်းဆင်းစစ်ဆေး
Aug 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် အခြေခံမဲစာရင်းများအား ယုန်သလင်းတိုက်နယ်တွင် ဇူလိုင်လ ၂၅ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ( ၁၄)ရက်ကြာ မဲစာရင်းကြေညာထားရှိမူများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့သည်။
မချမ်းဘော့မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံ ဖွင့်ပွဲကျင်းပ
Aug 05,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါပညာရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ကလေးငယ်များအားပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအားကိုယ် အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပညာပေးသင်တန်းဖွင့်လှစ်
Aug 05,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ဖွင့်လှစ်သော ဝက်မွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက တော်ကူးကျေး ရွာရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈)နာရီက အမှတ်(၃) ရပ်ကွက်၊ ဓမ္မာရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
COVID - 19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးပေးမည့် အစီအစဉ်များ ရှင်းလင်းဆွေးနွေး
Aug 05,2020
စီမံကိန်း၊ ဘဏ္ဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ (Stimulus Package) ထုတ်ချေးပေးမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်း သာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။
ရေတာရှည်တွင် COVID-19 ထိန်းချုပ်ရေးကာလအတွင်း ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 05,2020
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း Covid-19 ထိန်းချုပ်ရေးကာလ၌ ဆိုင်ထိုင် စနစ်ဖြင့် ပြန်လည်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား
ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများအတွက် PPE ဝတ်စုံနှင့် အခြားကာကွယ်ရေး ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်း
Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊လယ်၊မူ) (၉၆)ကျောင်း အတွက် PPE ဝတ်စုံနှင့် အခြားကာကွယ်ရေးပစ္စည်း များအသုံးပြုနိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။