တောင်တွင်းကြီး ဩဂုတ် ၅
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေဦးစွာအမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင်တို့ကအ မှာစကားများပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဒေါ်ခင်မျိုးအေးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးခင်မောင်အေးတို့က သီးနှံများပျက်စီးဆုံးရှုံးမှုအတွက်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာ တာဝန် ရှိသူများနှင့် ကျေးရွာအုပ်စု (၄၇)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တတ်ရောက်ခဲ့ ကြပြီး (၂၀၁၈ -၂၀၁၉)ခုနှစ် မိုးရာသီ ကာလတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် သီးနှံ စိုက်ခင်းဧက(၇၇၅၀)ဧကအတွက် ထောက်ပံ့ငွေစုစုပေါင်း (၃၈၇၆၆၀၀၀)ကျပ်အား လွတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကသက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းခိုင်(ပြန်/ဆက်)