သတင်းများ

ကြံခင်းမြို့နယ် ခုံကြီးအုပ်စု၌ ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်လှစ်ပို့ချ
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ခုံကြီးအုပ်စုတွင် မြို့နယ်မွေးမြူနှင့် ကုသရေး ဦးစီးဌာနမှ ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ယမန်နေ့မှ ဩဂုတ်လ(၆)ရက်နေ့ထိ ခုံကြီးအုပ်စုလူထုဗဟိုပြုဘက်စုံသုံးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေး
Aug 05,2020
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက် ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိတစ်ပိုင်တနိုင် ဝက်မွေးမြူရေး လုပ်ကိုင်သူများ တက်ရာက်ခဲ့ကြသည်။
ဝေါလေမြိုင်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် နှိုးဆော်ခြင်းဆောင်ရွက်
Aug 05,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် ယနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
တောင်ငူ၌ တတိယအကြိမ်မြောက် အခြေခံလူတန်းစားများအတွက် ကိုဗစ်-၁၉ ထောက်ပံ့ငွေများ  ပေးအပ်
Aug 05,2020
ကိုဗစ် -၁၉ ကာလအတွင်းအခြေခံလူတန်းစားများအတွက် တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို တောင်ငူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သြဂုတ်လ ၄ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ် များ၌ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေး အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 05,2020
နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စီးပွားရေးထိခိုက်မှု များကို ပြန်လည်ကုစားရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို ကျေးလက် ဒေသဖွံ့ ဖြိုး တိုးတက်ရေး ဦးစီးဌာနမှဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်၊ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံ ငွေစီမံ ကိန်း လွှဲပြောင်း ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်
Aug 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းနှင့် ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိ
Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှုပြီး ပြင်ဆင်ရန်ရှိသည့် အချက် အလက် များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။