မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅)နှစ် အထိ ကလေးများအား သန်ချဆေးနှင့် မျက်စိအား တိုးဆေး(ဗီတာမင်-အေ)တိုက်ကျွေး

မိုင်းနောင်  သြဂုတ်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅) နှစ်အထိ ကလေးများအား ပုံမှန်တိုက်ကျွေးလျက်ရှိသော သန်ချဆေးနှင့် မျက်စိအားတိုးဆေး(ဗီတာမင်-အေ) ကို ယနေ့ နံနက်(၈)နာရီမှစ၍ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်ကျွေးရာတွင် မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ ကလေးများ သန်မာဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ သန်ချဆေးကိုတိုက်ကျွေးစို့ဆောင်ပုဒ်နှင့်အညီ  ကလေးများ အာဟာရချို့တဲ့မှုကို ကာကွယ်ပေးစေခြင်း၊ သွေးအားနည်းရောဂါ ကာကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုး၍ ဉာဏ်ရည် ထက်မြက် သွက်လက်စွာ ပညာသင်ကြားနိုင်စေခြင်းစသည့်အကျိုးကျေးဇူးများရရှိ စေမည်ဖြစ်သည်။

ဆက်လက်၍ အသက်(၅)နှစ်မှ(၉)နှစ်အထိ ကလေးများကိုလည်း ဆက်လက်တိုက် ကျွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မိုင်းနောင် (ပြန်/ ဆက်)