ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေး

မြောက်ဒဂုံ ဩဂုတ် ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်() နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၂၉) ရပ်ကွက်၊ (၄၉) ရပ်ကွက် နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း (၂၉) ရပ်ကွက်၊ (၄၉) ရပ်ကွက်နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အသက်() နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသက်() လမှ ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ ဆေးလုံး၊ သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင် များ၊ အမျိုးသမီးရေးရာကော်မတီဝင်များမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)