စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးရွာလူထုပူးပေါင်း၍ ကျေးရွာ မီးလင်းရေး ဖွင့်ပွဲကျင်းပ

ရေဦး ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် မြို့ကြီးကျေးရွာအုပ်စု ထန်းတောဗောဓိကျေးရွာတွင် ယမန်နေ့ ညနေ ၆ နာရီက  ကျေးရွာမီးလင်းရေးဖွင့်ပွဲပြုလုပ်ခဲ့ရာ  ရှေးဦးစွာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊   မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးခင်မောင်မြင့်၊  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းမြင့်‌မော်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။

ကျေးရွာမီးလင်းရေးအတွက်  100 KV ထရမ်စဖော်မာတစ်လုံး၊  ကျေးရွာ အရောက် 11 KV ဓာတ်အား လိုင်းသွယ်တန်းခြင်း၊ ကျေးရွာတွင်း  ၄၀၀ ဗို့အားလိုင်း ကွန်ကရစ်မီးတိုင်နှင့် ဆက်စပ်ပစ္စည်းများကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ၊ ကျေးရွာ လူထုထည့်၀င်ငွေတို့ဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါကျေးရွာ‌‌ ဒေသခံများလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် တင်ဒါ အောင်ကုမ္ပဏီက လုပ်အားခရယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထိုက်  (ရေဦး)