သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းဖွင့်လှစ်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

သထုံ ဇန်နဝါရီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ အဆိုပါစာသင်ဝိုင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လိုက်လံကြည့်ရှုရာတွင် သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးနေသည့် စာတတ်မြောက်ရေး စာသင်ဝိုင်းသင်ကြား‌ပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးခဲမိုင်းနှင့် တာဝန်ရှိသူတို့မှ ကြည့်ရှုအား‌ပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ကူညီပေးခဲ့ကြသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ရွာဒေသအတွင်း ကျောင်းမနေခဲ့ရသူများ၊ မူလတန်းပညာမသင်ကြားခဲ့ရသူများအတွက် စဉ်ဆက်ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ သထုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုတို့၌ စာသင်ဝိုင်း(၈၀)ဝိုင်း ဖွင့်လှစ်၍ စာသင်သား(၇၆၉)ဦးတို့အား နည်းပြ(၈၀)ဦးတို့က ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်ကာ ရက်ပေါင်း(၆၀)ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)