စလင်း ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများမှစည်းကမ်းရှိစွာ အမှိုက်များစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရှိစေရန် မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ အရှိန်အဟုန်မပျက်လုပ်ငန်းများစဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းသပ်ရပ်လှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီစီမံဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်း၍ စလင်းမြို့အဝင်ဆိုင်းဘုတ်အတွင်း ပန်းအလှပင်များစိုက်ပျိုးခြင်း ပတ်ဝန်းကျင်လှပစေရန် ပန်းအလှပင်များကိုမြေချစိုက်ပျိုးခြင်း လှပမှုရှိစေရန် ပန်းအလှပင်အိုးများချထားခြင်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး နေ့စဥ်အမှိုက်သိမ်း မော်တော်ယာဥ်(၂)စီးဖြင့် မြို့ပေါ်(၈)ရပ်ကွက်နှင့် ဆင်ဖြူကျွန်းမြို့ပေါ်(၃)ရပ်ကွက်တို့အား အလှည့်ကျအမှိုက်သိမ်းခြင်း အမှိုက်ကောက်ခြင်းများဖြင့် သန့်ရှင်းသပ်ရပ်လှပစေရန် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်များအတွင်း စည်းကမ်းမဲ့စွန့်ပစ် အမှိုုက်များအား နေ့စဥ်ကောက်ယူရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်အတွင်းရှိ စည်ပင်သာယာပန်းခြံရှေ့နှင့် လမ်းဘေးပလက်ဖောင်းများအား သစ်လွင်တောက်ပစေရန် ဆေးများသုတ်ခြင်း မြို့နယ်အတွင်းလမ်းဘေးဝဲ/ယာတစ်လျှောက်အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုးထားရှိပြီး ရေသယ်ယာဥ်ဖြင့်နေ့စဥ်စိုက်ပျိုးထားသည့် ပန်းအလှပင်များရှင်သန်ဖူးပွင့်စေရန် ပန်းပင်များအား ရေဖျန်းခြင်းများနှင့် မြို့မစည်ပင်သာယာစျေးအတွင်းအပြင် စျေးရောင်းစျေးဝယ်များမှ စွန့်ပစ်အမှိုက်များအား နေ့စဥ်အမှိုက်သိမ်းယာဥ်ဖြင့်သိမ်းဆည်းခြင်းများ ပြည်သူများစနစ်တကျအမှိုက်များ စွန့်ပစ်နိုင်ကြစေရန်နေ့စဥ် လက်ကိုင်အသံချဲ့စက်ငယ်များတပ်ဆင်၍ ရပ်ကွက်များအတွင်းလှည့်လည်ကြေငြာ၍ စားဖိုချောင်သုံးစွန့်ပစ်အမှိုက်များနှင့် ဥယျာဥ်ခြံများမှထွက်ရှိသည့် အမှိုက်များကို လိုက်လံသိမ်းဆည်းပေးခြင်းများ မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေပြီး မြို့အင်္ဂါရပ်နှင့်အညီ အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
(မောင်လွင်)စလင်း