ဒိုက်ဦး သြဂုတ် ၂၅
စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဒိုက်ဦးမြို့နယ်၏ ကိုဗစ်−၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ ထုတ် လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉:၃၀) နာရီက မြို့နယ် ဦးစီးမှူးရုံးတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်၊ ဌာနဆိုင်ရာ အကြီးအကဲများ မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ မြို့နယ်အုပ်ချုပ်မှူး ဦးဟိန်းသူဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စား လှယ် ဦးသူရဇော်က ဆွေးနွေးမှာကြားကာ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးညိုက ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု (CERP) မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ပေးသည့် အကြောင်းရင်းများကို ဆွေးနွေးခဲ့သည်။
မြို့နယ်အုပ်ချုပ်မှူး ဦးဟိန်းသူဝင်း၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များမှ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများကို ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်ဧက (၉၂၀)ဧကရှိပြီး တစ်ဧကလျှင် မျိုးစေ့ဖိုး (၈၅၀၀)ကျပ်နှင့် စိုက်စရိတ်(၇၅၀၀၀)ကျပ် စုစုပေါင်း (၈၃၅၀၀) ကျပ်နှုန်းဖြင့် (၉၂၀)ဧကအတွက် ပထမအကြိမ် (၇၈၆၂၀၀၀၀)ကျပ် ပေးအပ်ခဲ့ပြီး ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း (၅၅၀၀၀)ကျပ်နှင့် မျိုးစေ့သန့်စင်ခ (၁၅၀၀၀)ကျပ်ဖြင့် တစ်ဧကလျှင် (၆၅၀၀၀)ကျပ်ကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်သည်။ မျိုးစေ့ထုတ် တောင်သူများအား (ပ+ဒု) အကြိမ် စုစုပေါင်းဧက (၉၂၀)ဧကအတွက် တစ်ဧကလျှင် (၁၄၈၅၀၀) ကျပ်နှုန်းဖြင့် (၁၃၆၆၂၀၀၀၀)ကျပ်အား ထောက်ပံ့ပေး မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်(IPRD)