သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 

ရန်ကုန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း အနောက်ဘက်၊ ယခင်ပြိုင်ကားဝင်း အတွင်းဘက်၊ လူ‌နေထိုင်ခြင်းမရှိ ပိတ်သိမ်းထား‌ စားသောက်ဆိုင်အတွင်းတွင် ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ်(၃)စီး ဖြင့် Level-1 မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီး‌ လောင်ကျွမ်းခြင်း‌ကြောင့် အဆောက်အဦ မျက်နှာကျက်နှင့်‌ ခေါင်မိုးတန်းအချို့လောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းနှင့် မီးလောင်ရသည့်အ‌ကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)