ဒိုက်ဦး သြဂုတ်၂၅
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတွင် ၂၀၂၀−၂၀၂၁ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ ပဲခူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ လေလံ တင် ရောင်းချရေး အဖွဲ့ဝင်များနှင့် တင်ဒါစွဲဝယ်ယူသူများ တက်ရောက်ကြပြီး ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က တင်ဒါရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ ရောင်းချရန်ကျန်သည့် တင်ဒါချက် (၉) ချက် အား ရောင်းချရာ တင်ဒါချက်များ အားလုံးအောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ကျော် (IPRD)