ကျေးသီး သြဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၌ ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်များ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ယနေ့မွန်းလွဲ (၂)နာရီအချိန်က ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိဦးအောင်ဖုန်း၊ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းနှင့် တာဝန်ရှိသူများက ကျေးသီးမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်များထားရှိခြင်းရှိ/မရှိ၊ လက်သန့်ဆေးရည်များ ထားရှိခြင်းရှိ/မရှိ၊ စားသောက်ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိနှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး(၃)ပေ အကွာတွင် ထားရှိခြင်းရှိ/မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)