ဖားကန့် တော်ဝင် ဆီပန့်ဆိုင်၌ မီးလောင်/မီးလန့်မှုဖြစ်ပွား

 

ဖားကန့်      ဩဂုတ် 

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ဆိုင်းဘုတ်အနီး မော်ဝမ်းရပ်ကွက်(၈)ရှိ တော်ဝင် စက်သုံးဆီပန့်ဆိုင်၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဆီပန့်ဆိုင်အနောက်ဘက် ဆီလှောင်ကန်ထဲသို့ ဆီဖြည့်စဉ် ဆီလှောင်ကန်၌ မီးထတောက်ပြီး မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆီပန့်ဆိုင်မှ ဝန်ထမ်းတစ်ဦးက "ကျွန်မတို့ ဆီလှောင်ကန်ထဲ ဆီဖြည့်တဲ့အချိန် ဆီလျှံလို့ ဆီကို ခပ်ပြီး ပုံးထဲ ပြန်ထည့်တာ၊ မီးကဒီတိုင်းထတောက်တာ ကျွန်မကိုရောဒီက ဝန်ထမ်း မောင်လေးကိုရော မီးနည်းနည်း ဟပ်သွား တယ်"ဟု ပြောသည်။

မီးစွဲလောင်ရာသို့ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးနားရှိ နေအိမ်များမှ ပြည်သူ များက မီးသတ် ကား(၄)စီး၊ ရေသယ်ကား(၁)စီးနှင့် မီးသတ်ဆေးဘူးများပါ အသုံး ပြုပြီး ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၅ မိနစ် အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးဟပ်သည့် ဆိုင်ဝန်ထမ်း နှစ်ဦးအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးဝါး ကုသ ပေးခဲ့ ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)