ချောက် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ ချောက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ် ဦးစီးမှူးဦးသိန်းဇော်၀င်း၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခန်းများကို ယနေ့နံနက် ၇ နာရီအချိန် က လေ့ကျင့် သင်ကြားခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ် များနှင့် အခြားအရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုလျင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ် ရေးအထူးအဖွဲ့အား ရှာဖွေကယ်ဆယ်ရေးပညာရပ်မှ BASet(အသက်ရှု ကိရိယာ) တစ်နည်း အားဖြင့် မီးလောင်ပြင်တွင် မီးခိုးများပြီး ဝင်မရသောနေရာများ၌ အသုံးပြုရသော စက်အား အသုံးပြုပုံများကို လက်တွေ့သင်ကြားပြသပေးခြင်းတို့ကို နေ့စဉ်လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးသိန်းဇော်၀င်း ပြောကြားချက်အရ သိရသည်။
မချို(ပြန်/ဆက်)