ပင်လောင်း ဩဂုတ် ၂၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်းအလေ့အထရှိခြင်းဖြင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များ ဖြန့်ဝေ ပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ဩဂုတ် ၂၄ ရက်မှစတင်၍ ယနေ့ထိ ပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။
Mask များ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့(ခွဲ)တို့ ပူးပေါင်း၍ လမ်းသွား လမ်းလာ၊ လူထူထပ်သည့်နေရာများတွင် Mask ယူဆောင်အသုံးပြု တပ်ဆင်ခြင်းအလေ့အထ ရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများမှ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များဝယ်ယူ တပ်ဆင်စေခြင်းဖြင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး၊ အလားတူ အဆိုပါ Mask များဖြန့်ဝေရာခြင်းနှင့်ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများတွင်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးများနှင့်ကျေးရွာတာဝန်ရှိသူများက ပြုလုပ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်