ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမဆောင်တွင် ယနေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့်ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပပြု လုပ်ခဲ့သည်။ အစည်းအဝေးတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်က ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ပြန်လည် ဖွင့်လှစ်ပြီး ဒေသအတွင်း၌ ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီစနစ်တကျ ပြန်လည်လုပ်ဆောင်ကြရန်တို့အတွက် ရှင်းလင်းပြောကြားသည်။