ရွှေသောင်ယံ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမဆောင်တွင် ယနေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့်ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပပြု လုပ်ခဲ့သည်။ အစည်းအဝေးတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်က ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ပြန်လည် ဖွင့်လှစ်ပြီး ဒေသအတွင်း၌ ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီစနစ်တကျ ပြန်လည်လုပ်ဆောင်ကြရန်တို့အတွက် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ ကိုဗစ် - ၁၉ ကာကွယ် ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် ညှိနှိုင်းခဲ့ ကြောင်းသိရသည်။
ကိုကိုမောင် (ပြန်/ဆက်)