ဝါးခယ်မမြို့အဝင် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

ဝါးခယ်မ  ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၏ မြို့အဝင်နေရာများဖြစ်သော ကျွန်းကုန်း၊ ရွှေလောင်းအဝင် နေရာများ၌ ဧပြီလကုန်ပိုင်းမှ စတင်၍ ရပ်နားထားခဲ့သည့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့အဝင်ဂိတ်နှစ်ခုတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ Volunteer များ၊ အရပ်ဖက်လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ မြို့အဝင် မှတ်တမ်း ကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းခြင်းများအပြင် နှာခေါင်းစည်းများတပ်ရန်လက်ဆေးရန် စသည့် ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)