ထီးလင်းမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး

ထီးလင်း   စက်တင်ဘာ

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ အသက်()နှစ်အောက် ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ထီးလင်းမြို့ပေါ် ရပ်ကွက်များရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ပိုလီယိုရောဂါ၊ ပြင်းထန်အဆုတ် ရောင်ရောဂါ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်- အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေး ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် EPI ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် လာရောက်သည့် မိခင်နှင့်ကလေးငယ်များ အား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ Hand gel အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးတို့ကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အေလေးငယ်