နတ်မောက် စက်တင်ဘာ ၄
နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့ နေ့လယ် (၂) နာရီ က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်းသိရသည်။
ထိုအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးဝင်းက သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွါးမှု မရှိစေရေး အတွက် မိဘနှင့်အုပ်ထိန်းသူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ပြီး၊မြို့နယ်ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစန်းဆင့်ဝေ က သက်ငယ်မုဒိမ်းလျော့ချရေး အတွက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပါတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်သွယ်သွယ်အေးက ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဆွေးနွေးချက်များကို နတ်မောက်မြို့နယ် ရုံးပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် IPRD Natmauk တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းမေထွန်း(ပြန်/ဆက်)