Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများနှင့် အလှူငွေများ လှူဒါန်း
Sep 16,2020
ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္က လာပမြို့နယ် ရွှေပေါက်ကံမြို့သစ်အုပ်ချုပ်ရေးမှူးရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် Hand Held Mega Phone များလွှဲပြောင်းပေးအပ်
Sep 16,2020
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် Hand Held Mega Phone များကို လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထပ်ဆင့် လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလက်ဝမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်(အေ)နှင့်သံချဆေး တိုက်ကျွေး
Sep 16,2020
ပလက်ဝမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သံချဆေးတိုက် ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask) တပ်ဆင်ရေးအသိပညာပေး ဆောင်ရွက်
Sep 16,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များရှိ လူအသွားအလာများသည့် နေရာများ၊ စျေးများ၊ ကားမှတ်တိုင်များ၊ လူအဝင်အထွက်သွားလာရာလမ်း များ၌ အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Sep 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုတင် ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ စာကြည့်တိုက် တွင် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 16,2020
ကူးစက်မြန်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စျေးများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
Sep 16,2020
ဟားခါးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရှလွယ်ဆောင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဉီးမြင့်ဉီးက အဖွင့်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လျှပ်စစ်မီတာ လဲလှယ်နေမှုနှင့် မီတာယူနစ်ကောက်ယူ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 16,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လျှပ်စစ်မီတာ အသစ် လဲလှယ်တပ်ဆင်ပေးနေမှုနှင့် မီတာယူနစ်ကောက်ယူ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30119
Page
30120
Page
30121
Page
30122
Current page
30123
Page
30124
Page
30125
Page
30126
Page
30127
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department