မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရာကြီး၏ (၁၁) ကြိမ်မြောက် မိသားစုထမနဲထိုးပြိုင်ပွဲ ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၁) ကြိမ်မြောက် မိသားစုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်၊ ညနေ (၃) နာရီက ဘုရားကြီးရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  အဆိုပါပြိုင်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။ 

ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲနှင့် ပတ်သတ်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများ၏ အသင့်ပြင်ဆင်ထားရှိသည့် ထမနဲဖြစ်မြောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ပြိုင်ပွဲစည်းကမ်းနဲ့ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုကြ၍ ပြိုင်ပွဲကို ဖျော်ဖြေရေး အတီးအမှုတ်နှင့်အတူ အဖွဲ့ (၁၂)ဖွဲ့မှ အင်တိုက် အားတိုက် တက်ညီလက်ညီ ပျော်ပျော်ပါးပါး အကပဒေသာဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။    

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသော အသင်းအဖွဲ့များကို အလှူရှင်များမှ ဆုများထိုက်တန်စွာ ချီးမြှင့်ကြပြီး ပြိုင်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်း ရိုက်ကူးကြ၍ တက်ရောက်လာသော ပြည်သူ အပေါင်းတို့အား ထမနဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)