သတင်းများ

တံတားမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်တောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်တောင်စု‌နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Feb 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့၌ ကဗျာရွတ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ပြုလုပ်
Feb 11,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက ကျေးသီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
လိပ်သိုမြို့တွင် (၂၅)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီး ကျင်းပ
Feb 11,2025
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၌ (၂၅) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီးကို မယ်တော်ဂူ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 11,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲပြုလုပ်
Feb 11,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့နယ်တွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ
Feb 11,2025
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန Class A  လမ်းကြီးကြပ်ရေးအဖွဲ့  ၊ လွိုင်လင်ခရိုင် မှ ဆောင်ရွက်ခဲ့သည့် လွိုင်လင်-တောင်ကြီး ပထစ- ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းထိပ်ဖွင့်ပွဲမုခ်ဦးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
ကျုံပျော်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 11,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို  မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ယနေ့နံနက် ၉ နာရီ အချိန်က  ကျင်းပပြုလုပ်သည်။