မြစ်သား ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုအခါ ကျန်ရှိနေသည့် ကျေးရွာများမှ ဒေသခံတောင်သူများက အချိန်စေ့လွန်အကြွေးကျန်းငွေများ ပြန်လည်ပေးဆပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဘဏ်ခွဲ၌ ချေးငွေများ ပေးဆပ်လာကြောင်း သိရသည်။
မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ချေးငွေများထုတ် ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် ကျေးရွာအုပ်စုများရှိ ဒေသခံတောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)