ဇလွန်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သရက်တပင်တောင် ကျေးရွာအုပ်စု ဆင်ကုန်းကြီးကျေးရွာ ကုန်ထုတ်လမ်းသစ်ကို ယနေ့နံနက် ၉ နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

သရက်တပင်တောင်ကျေးရွာအုပ်စု ဆင်ကုန်းကြီးကျေးရွာ ကုန်ထုတ်လမ်းသစ်ကို ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မော်သန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ သရက်တပင်တောင်ကျေးရွာအုပ်စု ဆင်ကုန်းကြီးကျေးရွာ ကုန်ထုတ်လမ်းသစ်မှာ အရှည်(၅၄၀၀)ပေ၊ အကျယ်(၁၆)ပေ၊ မြေသား(၂) ပေထု၊ ချောင်းကျောက်(၉) လက်မထုခင်းထားပြီး ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၄-၂၀၂၅)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ခန့်သားလေးကုမ္ပဏီမှ (၈၁.၈၄) ကျပ်သန်းဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါကုန်ထုတ်လမ်းမှာ ကျေးရွာ(၄)ရွာမှ အိမ်ခြေ (၁၁၇) ၊ လူဦးရေ (၅၉၂)ဦးနှင့် အကျိုးပြုဧက (၂၀၀) ဧကတို့အား အကျိုးပြုသော ကုန်ထုတ်လမ်းဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)