ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကေ်မတီမှ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်


ပေါင်းတည် စက်တင်ဘာ ၁၈


ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသည် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်/ဆက် ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ကာကွယ်၊ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေ ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း များကို ယမန်နေ့ ညနေပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉နှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့များက အဆိုပါနှိုးဆော်ရေးအဖွဲ့များနှင့်အတူ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန် လူစုလူဝေးများ ရှောင်ကြဉ်ရန်၊ ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များ၊ အခြားပြည်နယ်တိုင်းဒေသကြီးများနှင့် ရောဂါ ဖြစ်ပွားရာ ဒေသများမှ နေရပ်ပြန်လာသည့် ပြည်သူများ ဝင်ရောက်များမှုရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသိပေးအကြောင်းကြားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားချက်များနှင့် ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ကြရေးစသည့်တို့ကို နေ့စဉ်ညနေပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)